Web Development နယ်ပယ်ကို ဝင်ရောက်ချင်ပေမယ့် ဘယ်ကစရမှန်မသိဘဲ၊ အခြေခံမပိုင်မှာ စိုးရိမ်နေသူများအတွက် — 7 ပတ်အတွင်း Zero to Pro ကျွမ်းကျင်သွားစေမယ့် အခွင့်အရေး။
👉 အခုပဲ စာရင်းသွင်းမယ်Tutorial Video တွေကြည့်တုန်းကတော့ ရှင်းသလိုလို၊ လွယ်သလိုလိုပါပဲ။ ဒါပေမဲ့...
တကယ်တော့ မိတ်ဆွေလိုအပ်နေတာ Video Tutorial တွေမဟုတ်ဘဲ...
လမ်းမှားရောက်ရင် ချက်ချင်းထောက်ပြမယ့် Mentor နဲ့ စနစ်တကျဆွဲပေးထားတဲ့ Learning Roadmap တစ်ခု လိုအပ်တာပါ။
ကျွန်တော်ကတော့ Thura ပါ။ ပညာရေးနဲ့ နည်းပညာနယ်ပယ် နှစ်ခုလုံးမှာ လုပ်ကိုင်နေတဲ့ IT အင်ဂျင်နီယာတစ်ယောက်ပါ။ ကျွန်တော် နည်းပညာတက္ကသိုလ် (မန္တလေး) ကနေ IT အင်ဂျင်နီယာဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်လောက်ကစလို့ Development နယ်ပယ်ထဲကို ခြေချခဲ့တာပါ။ နည်းပညာလောကမှာ အတွေ့အကြုံ (၄) နှစ်ကျော် ရလာတဲ့အချိန်မှာတော့ 'Code with Thura' ကို စတင်ဖြစ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ Researcher တစ်ယောက်အနေနဲ့ရော၊ Developer တစ်ယောက်အနေနဲ့ပါ ပရောဂျက်တွေ လုပ်ကိုင်နေသလို၊ သင်ကြားရေးပိုင်းမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေပါတယ်။
သင်တန်းပြီးတဲ့အခါမှာ Knowledge တင်မကဘဲ Hard Skills တွေကိုပါ လက်တွေ့ လုပ်ဆောင်နိုင်သွားမှာပါ။
Landing Page တွေ၊ လုပ်ငန်းသုံး Website တွေနဲ့ ကိုယ်ပိုင် Portfolio Website တွေကို Design ဆွဲတာကနေစပြီး အင်တာနက်ပေါ်မှာ လူတိုင်းကြည့်လို့ရအောင် (Live) အထိ ကိုယ်တိုင် လုပ်ဆောင်နိုင်သွားပါမယ်။
ကိုယ်ရေးလိုက်တဲ့ Website ဟာ Computer မှာတင်မကဘဲ ဖုန်း၊ Tablet စတဲ့ Screen Size မျိုးစုံမှာ လှပပြီး အလုပ်လုပ်နေအောင် (Fully Responsive) ကျွမ်းကျင်စွာ ဖန်တီးတတ်သွားပါမယ်။
JavaScript ကို အခြေခံက နားလည်သွားမှာဖြစ်လို့ Programmer တစ်ယောက်ရဲ့ Logic စဉ်းစားပုံကို ရရှိသွားပါမယ်။ React, Vue သို့မဟုတ် Backend ပိုင်းတွေကို ဆက်လက်လေ့လာဖို့ အကောင်းဆုံး အုတ်မြစ်ဖြစ်လာမှာပါ။
VS Code, Git, GitHub, Netlify စတဲ့ Professional တွေ သုံးတဲ့ Tools တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သွားမယ်။
Landing Page၊ To-Do App၊ Weather App နဲ့ E-Commerce UI အနည်းဆုံး Project (၄) ခု ကို လက်တွေ့ ဖန်တီးပြီးသား ဖြစ်သွားမယ်။ အလုပ်လျှောက်တဲ့အခါ ပြသဖို့ အကောင်းဆုံး လက်နက်ပါပဲ။
သင်ခန်းစာများကို စနစ်တကျ လေ့လာပြီး Project များကို အောင်မြင်စွာ တင်သွင်းနိုင်သူတိုင်းကို "Code with Thura" မှ အသိအမှတ်ပြု Completion Certificate ကို ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အခြေခံကနေ Live Website တစ်ခု တည်ဆောက်နိုင်သည်အထိ အဆင့်ဆင့် သင်ကြားပေးမည့် အစီအစဉ်
Code with Thura ၏ Course များနှင့် eBook များကို လေ့လာခဲ့သူများ၏ စကားအသံ
"ဆရာ့ teaching style က တော်တော်လေး unique ဖြစ်ပါတယ်။ Technical term တွေကို နားမလည်မှာစိုးလို့ ဥပမာတွေနဲ့ ရှင်းပြတာ အရမ်းသဘောကျတယ်။ Zero ကနေ စမယ့်သူတွေအတွက် တကယ် အဆင်ပြေပါတယ်။"
"Python eBook စာအုပ်လေးက မြန်မာလို ဖတ်ရတာဆိုတော့ အင်္ဂလိပ်လိုဖတ်ရတာထက် ပိုပြီး ခေါင်းထဲရောက်ပါတယ်။ တော်တော်အဆင်ပြေပါတယ်"
"Video ကြည့်ရုံနဲ့ နားမလည်တဲ့ အပိုင်းတွေကို ဆရာက သေချာ ဂရုစိုက်ရှင်းပြပေးပါတယ်။ ကျွန်တော်တိုလို beginner တွေအတွက် အဆင်ပြေပါတယ်၊ နောက်တတ်မယ့် ကျောင်းသားတွေကို ညွှန်းပေးချင်ပါတယ်။"
📅 Start Date: Feb 7, 2026 (Sat & Sun)
⏰ Time: 5:00 PM - 7:00 PM
📍 Platform: Zoom Live (w/ Records)
📌 (၁၀) နေရာမပြည့်ခင် အမြန်ဆုံး ဦးမှသာ ရပါမည်။
👉 Telegram မှာ အခုပဲ စာရင်းပေးမယ်